အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း [1]

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၁၄ ခုနှစ်ကတည်းကစ၍ မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို ANFREL မှ စွမ်းဆောင်ရည် မြှင့်တင်ပေးခဲ့သည့်အပြင် နိုင်ငံအဝှမ်း၌လည်း မြောက်မြားစွာသော သင်တန်းအစီအစဉ်များ ပြုလုပ်ပေးခဲ့ပါသည်။
ANFREL ၏ “မြန်မာနိုင်ငံအတွင်းမှ ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့များအတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လက်စွဲစာအုပ်” ကို ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့များအတွက် လမ်းညွှန်အဖြစ် အသုံးပြုနိုင်မည့် အခြေခံလက်စွဲအဖြစ် နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဦးသော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၂၀၁၄ ခုနှစ်တွင် မိတ်ဆက်ထုတ်ဝေခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲများကို ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်သည့်အလျောက် အဆိုပါလက်စွဲစာအုပ်ကို ခေတ်မီစေရန် ANFREL အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲများမှထွက်ပေါ်လာသည့် အကြံပြုချက်များအနက်တစ်ခုမှာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာစဉ်အတွင်း ကွင်းဆင်းကာလ ကောက်ယူစုဆောင်းမိသည့်ဒေတာများကို အစီရင်ခံခြင်းနှင့် ဖြည့်သွင်း ဆောင်ရွက်ခြင်းတို့အတွက် လမ်းညွှန်ချက်များ ပိုမိုလိုအပ်နေခြင်းဖြစ်သည်။ အခြားသော အကြံပြုချက်များတွင်မူ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး နည်းလမ်းများကို ပိုမိုခေတ်မီအောင် ပြုလုပ်ပေးရန်၊ မဲဆွယ်အသုံးစရိတ်နှင့် မဲဆန္ဒနယ်ပြင်ပ မဲပေးခြင်းတို့ကို ဦးစားပေး စောင့်ကြည့်ခြင်းတို့ပါဝင်ပါသည်။
အဆိုပါ အကြံပြုချက်များကို လက်စွဲစာအုပ်ကို ပြင်ဆင်တည်းဖြတ်ရာ၌ ထည့်သွင်းရေးသားခဲ့ပါသည်။
အင်္ဂလိပ်ဘာသာ။ bit.ly/ANFRELMediaToolkit [2]
မြန်မာဘာသာ။ https://bit.ly/ANFRELMediaToolkitMM [3]
ANFREL မြန်မာအစီအစဉ်မှနေ၍ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ကဏ္ဍစုံမှရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရေး၊ မီဒီယာ စောင့်ကြည့်ရေးနှင့်ပတ်သက်၍ မွမ်းမံသင်တန်းများပေးရန် ရည်ရွယ်ထားပါသည်။
