ပင်မစာမျက်နှာ

မြန်မာသတင်းထောက်များအတွက် အခြေခံလက်စွဲစာအုပ်
မဲဆန္ဒရှင်များအတွက် သတင်းအချက်အလက် စုံလင်စွာသိရှိပြီး ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်စေရန်နှင့် တိုင်းပြည်၏ နိုင်ငံရေးကိစ္စရပ်များတွင် အများပြည်သူ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးရန်တို့အတွက် ရွေးကောက်ပွဲကာလများအတွင်း သတင်းမီဒီယာ၏အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးပါသည်။ သတင်းမီဒီယာအနေဖြင့် ၎င်း၏တာဝန်များကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အခြေခံအားဖြင့် လွတ်လပ်မှုရှိပြီး အားကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
ANFREL ၏ သတင်းထောက်များအတွက် အသုံးဝင်သောလမ်းညွှန်စာအုပ်
ANFREL မှနေ၍ မြန်မာနိုင်ငံ၏ မတူညီ​သောဒေသများမှ သတင်းထောက်များနှင့် နှီးနှောဖလှယ်ပွဲမြောက်မြားစွာ ပြုလုပ်ခဲ့ပါသည်။ ဤလက်စွဲစာအုပ်ကိုပြုစုရာ၌ ၎င်းတို့၏တန်ဖိုးကြီးလှသောအကြံဉာဏ်များကို အထူးဂရုပြု ထည့်သွင်းစဉ်းစားထားပြီး ANFREL ၏ အာရှထိပ်တန်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်တင်ပြပေးထားပါသည်။ သတင်းထောက်များ ရွေးကောက်ပွဲသတင်းများ ရေးသားတင်ဆက်ရာ၌ ၎င်းလုပ်ငန်းစဉ်၏ရှုပ်ထွေးမှုများကို မျက်ခြေမပြတ်စေရေးအတွက် ဤလက်စွဲစာအုပ်သည် အသုံးဝင်သောလမ်းညွှန်ချက်သဖွယ်ဖြစ်လာပြီး ၎င်းသတင်းထောက်များကိုယ်တိုင်လည်း အရည်အချင်းပြည့်ဝပြီး တာဝန်ယူတတ်သော အမှန်တရားဘက်တော်သားများ ဖြစ်လာကြစေရန် ANFREL မှမျှော်လင့်ပါသည်။
Learn more
ANFREL အကြောင်း
မြန်မာပြည်သူများအတွက် နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးများကို လက်တွေ့အသုံးချနိုင်ခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံသည် ပြောင်းလဲမှုကို မည်မျှလိုလားကြောင်း ကမ္ဘာသို့ပြသနိုင်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းစ နုနယ်သေးသော ဒီမိုကရေစီနိုင်ငံဖြစ်သည့်အလျောက် ယခုအချိန်တွင် ၎င်းအုတ်မြစ်ကို ပိုမိုခိုင်မာအောင် ပြုလုပ်ပေးရန် အလိုအပ်ဆုံးဖြစ်သည့်အတွက် ANFREL အနေဖြင့် ဤနေရာတွင် အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တစ်ခုလုံးအတွက် ဒီမိုကရေစီဖြစ်စဉ်ကို အကူအညီပေးရန်ဟူသော ANFREL ၏ လုပ်ငန်းတာဝန်နှင့်အညီ ANFREL မြန်မာအနေဖြင့် လုပ်ငန်းကဏ္ဍကြီးသုံးရပ်ကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး
လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး
စည်းရုံးလှုံ့ဆော်ခြင်းနှင့် အရေးဆိုတင်ပြဆွေးနွေးခြင်း