
လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများမှတစ်ဆင့် စစ်မှန်သည့်ဒီမိုကရေစီစနစ် ဖြစ်ထွန်းအကောင် အထည်ဖော်လာနိုင်ရေးကိုရည်သန်လျှက် လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက်-ANFREL နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိသတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းရေးသားပေးပို့နည်းသင်တန်းများ ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ပူးတွဲပါအသေးစိတ်အချက်အလက်များအားဖတ်ရှု၍ မိမိတို့အဆင်ပြေသင့်လျော်သည့်နည်းလမ်းဖြင့် လျှောက်ထားနိုင်ပါသည်။
သင်တန်းကာလမှာ ၁၀.၉.၂၀၂၀ မှ ၁၂.၉.၂၀၂၀ အထိဖြစ်ပြီး ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အွန်လိုင်းမှတိုက်ရိုက်လျှောက်ထားလိုသူများအနေဖြင့် အောက်ပါလင့်ခ်မှ ဝင်ရောက်လျောက်ထားပါရန်။
Google Form: https://bit.ly/348rZGy
သင်တန်းလျှောက်လွှာဖောင်ကို အောက်ပါလင့်ခ်တွင်လည်း Download ရယူနိုင်ပါသည်။
Word File: https://bit.ly/328zTx1
သင်တန်းလျှောက်လွှာဖောင်ကို အောက်ဖော်ပြပါ လိပ်စာများသို့ အဆင်ပြေရာနည်းလမ်းဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီးမေလ်းဖြင့်ဖြစ်စေ ပေးပို့နိုင် ပါသည်။
- အခန်း (၇၀၁)၊ နံပါတ် ၈၄(ဂ)၊ Golden Royal ဆရာစံကွန်ဒို၊ ဆရာစံလမ်းသွယ်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
လျောက်ထားမှုအတွက် တစ်စုံတစ်ရာ အခက်အခဲရှိပါက ၀၉ -၉၇၆၃၉၅၃၇၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းလျှောက်လွှာများကို ၁.၉.၂၀၂၀ (အင်္ဂါနေ့)၊ ညနေ(၅)နာရီနောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။



